မာတင်လူသာကင်း (Martin Luther King Jr) ( January 15,1929-April 4,1968) သည် အာဖရိကန်- အမေရိကန် သင်းအုပ် ဆရာတစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေး လှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသောသူ တယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန်လူ့ အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်းအား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။ 

ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမူများတွင် ပါဝင်ဆောင်ရွက်လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ်)ကားလိုင်းအား သပိတ်မှောက်မူတွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်မူ ညီလာခံနှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မူ ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။ 

မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကို စွမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀ ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက်နှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ တနိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကို စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀ တို့တွင် မဟတ္တမဂန္ဒီ၏ ဦးဆောင်မှုဖြင့် အဟိံသခေါ် အကြမ်းမဖက်ရေး လမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြသူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့သည်။ 

ငယ်ဘဝ

ဂန္ဒီသည် ငယ်စဉ်က ရာဂျကုတ်နှင့် ဘနဂါးမြို့တွင် ပညာသင်ကြားသည်။ ဂန္ဒီသည် မျိုးရိုး အလိုက် အသက်ငယ်ငယ်နှင့်ပင် အိမ်ထောင်ပြုခဲ့သည်။ သို့ဖြစ်၍ ၁၇ နှစ်သား အရွယ်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ဝတ်လုံအတတ်ကို သင်ကြားရန် အိန္ဒိယမှ ထွက်ခွာသွားသော အခါ သားသည် အဖေပင် ဖြစ်၍နေချေပြီ။ ဥပဒေပညာကို ၄ နှစ်ခန့် သင်ခဲ့ပြီးနောက် ၁၈၈၉ ခုနှစ်တွင် ဝတ်လုံဖြစ်၍ အိန္ဒိယပြည်သို့ ပြန်လာပြီးလျှင် မုံဘိုင်းမြို့၌ စတင် ရှေ့နေလိုက်သည်။ သို့သော် ကောင်းစွာ အကျိုးမပေးသေးချေ။ ၁၈၉၃ ခုနှစ်၌ ကားတိအာဝါးရှိ ကုန်သည်တဦးက ငှားရမ်းသဖြင့် တောင်အာဖရိကသို့ သွားရောက်ကာ ထိုကုန်သည်၏ အမှုအတွက် ရှေ့နေလိုက်သည်။ ဂန္ဒိသည် တောင်အာဖရိက၌ ကြာကြာနေရန် စိတ်မကူးခဲ့ချေ။ သို့သော် ကြာကြာနေရန် အကြောင်းတရပ် ပေါ်ပေါက်လာခဲ့သည်။

ဂျိုးဇတ်စတာလင် (Joseph Stalin) ဟု ကျော်ကြားသော အမည်ရင်း အီရိုဆစ် ပစ်ဆီယိုနိုဗစ် ဇုဂရှ်ပ်လ်ရှိ သူအား ကော့ကေးရှပ် တောင်တန်းများပေါ်ရှိ ယခင် ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တခုဖြစ်သည့် ဂျော်ဂျီယာ (ယနေ့ ဂျော်ဂျီယာနိုင်ငံ) ၌ ၁၈၇၉ တွင် ဖွားမြင်သည်။ ဂျော်ဂျီယာသားအဖြစ် နောက်မှ ရုရှားဘာသာစားကို သင်ယူရသဖြင့် သူ၏ ရုရှားစကားတွင် ဂျော်ဂျီယာသံဝဲသည်မှာ အလွန်သိသာသည်ဟု ဆိုသည်။ ဆိုဗီယက်ပြည်ထောင်စုကို နှစ်အစိတ် (၂၅) မျှ အုပ်စိုးသွားပြီး ကမ်းကုန်အောင် ရက်စက်သူ၊ အလွန်အမင်း ကြမ်းကြုပ်သူ အစရှိသဖြင့် နာမည်ဆိုးရှိသမျှ သမိုင်းတွင်သည် အထိ ကျော်ဇောလေသည်။ အမှန်တကယ်တွင်လည်း လူပေါင်း သန်းနှင့်ချီကာ သတ်ဖြတ်ခဲ့ သည်ဟုလည်း ဆိုသည်။ တဖက်တွင်လည်း ဆိုဗီယက်ပြည်ထောင်စု၏ တန်ခိုးသြဇာကို တိုးမြှင့်ပေးခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ကို အနိုင်ရသူအဖြစ်လည်း ထင်ရှား ပါသေးသည်။

ငယ်ဘဝ

ငယ်စဉ်က အလွန်ဆင်းရဲခဲ့သည်ဟု သိရသည်။ အဖေဖိနပ်ချုပ်သမားမှာ အရက် အလွန်အကျွံသောက်ပြီး သားဖြစ်သူကိုလည်း နှိပ်စက်သည်။ ထိုအရက်သမား ဖခင် ကွယ်လွန်ချိန်တွင် အသက် ၁၁ နှစ်သာ ရှိသေးသည့် အီရိုဆစ် ကျန်ရစ်သည်။ ငယ်စဉ်က ပညာရေးအနေဖြင့် ခရစ်ယာန် ကျမ်းစာသင်ကျောင်းများတွင် ဆည်းပူးခဲ့သော်လည်း ၁၈၉၉ တွင် ဖောက်ပြန်သည့် အယူဝါဒများကို ဖြန့်ချီသည်ဟူ၍ ကျောင်းမှ ထုတ်ပယ်ခံရသည်။ ကွန်မြူနစ် မြေအောက် လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ပြီး ရုရှားဆိုရှယ်လစ်ပါတီ နှစ်ခြမ်းကွဲသော် ဗော်ရှီဗစ်ပါတီဝင် ဖြစ်လာသည်။ နိုင်ငံရေးသမား အနေဖြင့် ၆ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရပြီး သံမဏိလူသားဟူသော အမည်ပြောင်ကိုပါ ရရှိခဲ့သည်။

လီနင်ဟု ကျော်ကြားသည့် ဗလာဒီမစ် အီလစ်ခ်ျ အိုလျာနော့ (Valdimic Ilyichi Olyanor) မှာ ကမ္ဘာပေါ်တွင် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ၊ မာ့ခ်ဝါဒကို လက်တွေ့ အကောင်ထည်ဖေါ်သူအဖြစ် အများကသိကြသည်။ ကားလ်မာ့ခ် ပြောသမျှကို ယုံကြည်စွာဖြင့် လိုက်နာသူ အဖြစ်လည်းကျော်ကြားသည်။ 

လီနင်ကို ဆမ်းဗရစ်ခ်ျမြို့ (Simbrisk) (နောင်တွင် အိုလျာနော့မြို့(Olyanor) တွင်ဖွားမြင်သည်။ အဖေဖြစ်သူမှာ သစ္စာရှိ အစိုးရ၀န်ထမ်း တဦးဖြစ်သော်လည်း အစ်ကိုဖြစ်သူ အလက်ဇန္ဒားမှာ ဇာဘုရင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သဖြင့် အသတ်ခံရသည်။ လီနင် အသက် ၂၃ နှစ်တွင် ပြင်းထန်သည့် ကွန်မြူနစ်တဦးအဖြစ်သို့ ရောက်လာသဖြင့် ဇာဘုရင်အစိုးရက ဖမ်းဆီးပြီး ထောင်တွင်း၌ ၁၄ လထားပြီးနောက် ဆိုက်ဘေးရီးယား (Siberia) သို့ နယ်နှင်ခံခဲ့ရသည်။ ထိုဒေသတွင် သုံးနှစ်မျှ နေရစဉ် အချိန်အတွင်း နိုင်ငံရေး အပေါင်းအသင်းတဦးနှင့် တွေ့ဆုံပြီး ရုရှားတွင် ဓနရှင်ဝါဒ တိုးတက်ထွန်းကားလာပုံ အမည်ရှိ ကျမ်းတဆောင်ကို ရေးသားခဲ့သည်။ ၁၉၀၀၊ ဖေဖေါ်ဝါရီတွင် ပြစ်ဒဏ်မှလွတ်ပြီး အနောက်ဥရောပနိုင်ငံများတွင် ၁၇ နှစ်တိုင် လှည့်လည် နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်စဉ် အချိန်များတွင် တော်လှန်ရေးသမား ပီသစွာနေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူပါဝင်သည့် ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီ နှစ်ခြမ်းကွဲသောအခါ အင်အားပိုကြီးသည့် ဗော်ရှီဗစ်ပါတီ (Bolsheviks) ၏ ခေါင်းဆောင်ဖြစ်လာသည်။